Tuesday, March 5, 2013

အလန်းလေးပါ

ကမ္ဘာ့နာမည်ကြီး Social Network တစ်ခုဖြစ်တဲ့ Facebook ကို မိမိ နှစ်သက်သလို အရောင်လေးပြောင်းပြီး သုံးကြည့်ရအောင်



ကမ္ဘာ့နာမည်ကြီး Social Network တစ်ခုဖြစ်တဲ့ Facebook ကို နောက်ခံ အရောင် Comment အရောင်, စာလုံးအရောင် လေးတွေပြောင်းပြီး သုံးကြည့်ရအောင်ဗျာ.... တနေ့ တနေ့ Facebook ကြီးကိုကြည့်လိုက်ရင် မွဲပြာပြာနဲ့ ကြည့်ရတာ ရိုအီနေပါပြီ... ခပ်ဆန်းဆန်းလေး လန်းသွားအောင် သုံးကြည့်ချင်တယ်ဆိုရင်...

ပထမဆုံး
ဒီနေရာလေးကို
သွားပါ Install ကို နှိပ်ပြီး မိမိ ကွန်ပျူတာမှာ Install ပေးလိုက်ပါ..... ပြီးအောင်စောင့်ပြီး မိမိ Facebook ကို  Singin ဝင်ပါ... ညာဘက်က Setting ကိုနှိပ်.... Color My Facebook  ကိုနှိပ်ပြီး ကြိုက်တဲ့ အရာင်ကိုပြောင်းနိုင်ပါပြီ.... 


IDM ပြဿနာတက်နေသူများ သုံးမရတော့တဲ့သူများအတွက် အလွယ်ဆုံးနည်း


ဒီနည်းလေးကတော့ ဘာမှအခက်ခဲမရှိပဲ ကီးမလိုတဲ့ ဆော့ဝဲပါ ။  ဒီဆော့ဝဲသုံးရင်

Key တောင်းတဲ့ပြဿနာ Crack လုပ်ရတဲ့အခက်ခဲ   Path မလုပ်ချင်တဲ့သူများကို

အဆင်ပြေစေမယ့် Active ဖြစ်ပီးသားပါ။  ကီးမတောင်းအောင်   ပညာရှင်တွေက

ကြိုတင်ပြုပြင်ပေးထားတဲ့  အဆင်သင့် အလွယ်သုံး ဆော့ဝဲကောင်းလေးတစ်ခုပါ

ဒီဆော့ဝဲ ထည့်လိုက် ဘာမှ မလိုတော့ ဘူး ။အခက်ခဲရှိသူများ ယူသုံးကြည့်လိုက်


ဒီလင့်မှာ Download ယူပါ - IDM Preactivated 6.15 Latest Version

ဒီလင့်မှာ Download ယူပါ - IDM Preactivated 6.15 Latest Version


 မူရင်းလင့်က ယူရန် - http://androidforfuture.blogspot.com.

နောက်တစ်ခုပါ - http://idm-full.blogspot.com

Tuesday, February 26, 2013

အဝေးရောက်သူတွေ Google Earth ဖြင့် ကိုယ့်အိမ်ကို ပြန်ကြည့်နည်း

 


ဒီစနစ်ကို အဝေးရောက်မြန်မာပြည်သားတွေ သုံးလိမ့်မယ်လို့ ထင်တယ် ဘာလို့ လဲ

ဒီဆော့ဝဲထည့်ထားရင် မြန်မာပြည်က  ကိုယ်နေတဲ့ နေရာတွေ  အိမ်တွေ လမ်းတွေ

ကျောင်းတွေ ဘုရားတွေကို အလွမ်းပြေ အသေးစိတ် ကြည့်လို့  ရနေတာကြောင့်ပါ

လိပ်စာတစ်ခုခု ကားမောင်းမယ့်လမ်းကြောင်း  တစ်ခုခုဆိုရင် ကျနော်တို့ မန်နေဂျာ

ဝန်ထမ်းတွေလည်း သုံးကြတယ် အတော်လေး  အဆင်ပြေကောင်းမွန်ပီး ရှိသင့်တဲ့

ဆော့ဝဲတစ်ခုပါ ။ ကျနော်တော့ ရွာလွမ်းရင်  ဒီဟာလေးနဲ့ ကြည့်တယ် ။ ရွာထိပ်မှာ

ဂျပန်ခေတ်ထဲက ရှိတဲ့  မန်ကျည်းပင်အကြီးကြီးရှိတယ်။  နွားကျောင်းရင် ဖဲရိုက်တဲ့

နေရာတွေပေါ့ဗျာ..အဲ့နေရာပါ။ သေချာကြည့်လို့ ရတယ် ။ ပုံတော့ မပြတော့ပါဘူး

တော်ကြာ မကျေနပ်သူတွေက ဗုံးလာကျဲမစိုးလို့ ။  ကျောင်းတက်ခဲ့တဲ့ နေရာတွေ

အလွမ်းပြေ ရိုက်ပြလိုက်ပါတယ်၊ အဝေးရောက်သူတွေ မသုံးရသေးရင် သုံးကြည့်

ရွာက စာဥ ဘယ်အခြေနေရှိလဲ ပြန်ကြည့်လို့ ရတာပေါ့နော..............................။


ဒီလင့်မှာ Download ယူပါ - www.ziddu.com/GoogleEarthPro7

ဒီလင့်မှာ Download ယူပါ  - http://www.google.com/earth/ 


အထက်က နှစ်ခုမှာ ziddu ကတင်တာ Pro version ပါ Free ထက်ကောင်းတယ်

အောက်တစ်ခုက အလကားရပါတယ် အထက်တစ်ခုလောက် Feature မစုံဘူး

အပေါ်တစ်ခုယူမယ်ဆို Anti virus ပိတ်ထားနော်..Path ဖိုင်ပါနေလို့ ...သတိ....။


Monday, February 25, 2013

Computer ကိုလေးစေသည့် Windows logs များရှင်းနည်း


ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။ Windows logs တွေရှင်းပြီးရင်တော့ Desktop မှာ Right Click ထောက်ပြီး Refresh ကို လေးငါးခါလောက် တောက်ပေးလိုက်ပါ..။ ဒါမှမဟုတ် ကီးဘုတ်မှ F5 ကို လေးငါးခါ နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာဟာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နေပါပြီ..။ ဒီနည်းလေးကလည်း နေ့စဉ် ကွန်ပျူတာသုံးတိုင်း လုပ်ပေးသင့်တဲ့ အလုပ်တစ်ခုပါပဲ..။ Windows logs ရှင်းနည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..








Window 7 သမားတွေအတွက် Format ချ Window အသစ်တင်နည်းစာအုပ်

Virus ရှိလို့  တစ်ခုခုကြောင့်ဆိုရင် Hardisk ကို Format ချပီးမှ ပြန်တင်သင့်တယ်

Partation လည်း ဖျက်လိုက် ၀င်းဒိုးတင်ပီးမှ ပြန်ခွဲလို့ ရတယ် ။ ကောင်းနေတဲ့စက်

မှာဆို  အခွေထဲ့တာနဲ့ Auto PLay မပိတ်ထားရင် Install ပေါ်တယ် ။ပိတ်ထားရင်

DVD ROOM ထဲကနေ ၀င်လုပ်လည်းရတယ် ။ အကယ်၍ Format ချမယ်ဆိုခဲ့ရင်

Setup ကနေလုပ်မှရမယ် ။ တင်တာကမခက်ပါဘူး။  စာအုပ်ဖတ်ပီးလိုက်လုပ်မယ်

လေ့လာမယ်ဆို  ခဏလေးနဲ့ တတ်တယ် ။ ၀င်းဒိုးတင်တတ်ပီဆို  ကွန်ပျုတာပျက်

လေ့လံနှေးကွေးလာပီဆို ကိုယ့်ဟာကို  အခွေနဲ့ ပြန်တင်လိုက် ။ ပိုက်ဆံမကုန်ဘူး

ဆော့ဝဲတွေက လိုင်းကောင်းရင် အကုန်ပြန်ရနိုင်တယ်။ Driver လည်းပေါပါတယ်

စက်ဝယ်တော့ Driver အခွေထည့်ပေးတတ်တယ် ။ အဲ့အခွေလေးသေချာသိမ်းပါ

မဟုတ်ရင်  Package တစ်ခုလုံး ပြန်ပြီး  Download ယူရတာ အချိန်ကုန်ပါသည်

ဝင်းဒိုးတင်တတ်ချင်သူများ စာအုပ်ဖတ်ပြီးလက်တည့်စမ်းချင်ရင် ဆွဲထားလိုက်...။


ဒီလင့်မှာ Download ယူပါ =www.mediafire.com-၀င်ဒိုးတင်နည်းစာအုပ်

လာရောက်လည်ပတ်ကြသော တေးချစ်သူအားလုံးကို အဝေးရောက် မြန်မာလူငယ်များ အွန်လိုင်းရေဒီယိုမှ နွေးထွေးစွာ ကြိုဆိုပါသည်။ တေးချစ်သူများ ကိုယ်စိတ်နှလုံး ရွှင်လန်းပျော်ရွှင်စေရန်အတွက် တေးသီချင်းများကို 24/7 ထုတ်လွှင့်ပေးနေပါသည်။



                                                      နားဆင်ရန်

စာအုပ်လှန်ရှာနေရတာကြာတယ်ကွန်ပျုတာသုံးနေ

ရင်းမသိတာလေးတွေရိုက်ရှာလိုက်အဆင်ကိုပြေလို့ ...မြန်မာလိုရိုက်လည်းရတယ်

အင်္ဂလိပ်လိုရိုက်လည်းအဆင်ပြေတယ် အောက်ကလင့်မှာ ယူလိုက်ပါ



ဒီမှာ-download ပါ.

Internet Download Manager 6.15 Build 3 Final https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5eoTv5fzBPpC7dwsAlZxIr9PfaYsqmPDGsacK7eyZvrpuhhMZjcPvWCBI3LM3g5iDlahbdhyphenhyphenpgFvfZaSW6f6c_v1n1WMk4skKrZQKvky86h4ob29JX6Bw-TIii0NQivZF8hjLCk7aJ_Tn/s1600/idm%20612b26.jpg

IDM နောက်ဆုံးထွက်လေးပါ..။ patch နဲ့ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကျနော့် Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားပါတယ်..။ အဲ့ဒီပိုစ့်ကအတိုင်း ဒီကောင်လေးကို ဖူးဖြစ်အောင်လုပ်ပြီး အသုံးပြုနိုင်ပါပြီ..။ IDM မရှိသေးတဲ့ သူများနဲ့ IDM ကို Serial key တောင်းနေလို့ ဖိုင်တွေ ဒေါင်းလော့ယူလို့ မရတော့တဲ့ သူများအတွက် ဒီလို နောက်ဆုံးထွက်လေးတွေကလည်း လိုအပ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။ 

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။